COVID -19  အသိပညာပေးခြင်းလုပ်ငန်းနှင့်မိုးကြိုးဘေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀) ရက်နေ့ တွန်းပင်ကျေးရွာ၊ မော်ကူးကျေးရွာ၊ သရက်ပင်လယ်ချောင်ကျေးရွာ စသည့်ကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက် ခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သတ်၍လည်း ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများသို့ဖြန့် ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_jun2020
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events