Category Archives: News
-
မိုးကြိုးဘေးနှင့် Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်းရှိ ရွာထောင်ကျေးရွာ၊ လေးရွာကျေးရွာ၊ မြေကျက်ဆူကျေးရွာ၊ မြို့ကြီးကျေးရွာ၊ နှုံးကြီးကျေးရွာ၊ မြောက်နှုံးကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး မိုးကြိုးဘေး၊ COVID-19ရောဂါတို့နှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး ( ဘစမ )
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ချမ်းမြဝတီရပ်ကွက်နှင့် သလ္လာ ရပ်ကွက် တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေနိုင်ရေးအတွက် အများပြည် သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စကမြားကျေးရွာအုပ်စု၊ စကမြားကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ထောက်ပံ့ ငွေ (၇၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ ငွေ(၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၂,၆၀၀ိ/-) ကျပ်အား (၂၃-၆-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၁:၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့ (၀၆:၀၀) နာရီအချိန်တွင် လောင်းကောင်းကျေးရွာအုပ်၊ ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ၍ ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာအား (၂၃-၆-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၄)ခုမှ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၄၁)စု၊ လူဦးရေ(၁၅၄)တို့အတွက် ဆန်ရိက္ခာဖိုးငွေ(၁)လစာ (၁၃၈၆၀၀၀ိ/-)အား (၂၂.၆.၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jun2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး ( ဘစမ )
-
Covid-19, မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၂၂-၆-၂၀၂၀)ရက်နေ့တွင် ကောလင်းမြို့နယ်၊ ယွန်းအိုးကျေးရွာ၊ အိုးမကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အင်္ကျီလက်ကျေးရွာ၊ ဒိုးပင်ကျေးရွာသို့ Covid-19, မိုးကြိုးဘေး၊ ရေဘေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်များ လှည့်လည်ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ (၂၂-၆-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်မှ (၁၆း၀၀)အချိန်ထိ တမူးမြို့နယ် ထန်းတပင်ကျေးရွာ၊ မန်မော်ကျေးရွာ၊ ရန်ငြိမ်းအောင်ကျေးရွာ၊ ပန်းသာကျေးရွာ၊ နန်းမွန်းတားကျေးရွာ၊ ခွန်မွန်းနွံကျေးရွာ၊ ဝိတုပ်ကျေးရွာ၊ ဘုတ်ကံကျေးရွာတို့တွင် Covid-19 ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပေးနှိုးဆော်ချက်များအား အသိပညာပေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: တမူးခရိုင်ဦးစီးမှူးရုံး ( ဘစမ )
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့နယ် မင်းစားကျေးရွာ၊ ဒိုင်းကြီးကျေးရွာနှင့် အံ့စရာကျေးရွာတို့တွင် မိုးကြိုးဘေး၊ ရေဘေးနှင့် Covid-19ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020
-
ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး
~~~~~ Source: MOSWRR ~~~~~ ဇွန် ၂၂၊ နေပြည်တော် ~~~~~ ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့”၏ (၈)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို (၂၂-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်း၊ မိုးကြိုးဘေးနှင့် ရေဘေးအသိ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ခန္တီးမြို့နယ်၊ အောင်သာ၊ သာစည်နှင့် ပေါင်မိုင်းရပ်ကွက်အတွင်း COVID-19 ကူးစက်ရောဂါ အသိ ပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)









