လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်းရှိ ရွာထောင်ကျေးရွာ၊ လေးရွာကျေးရွာ၊ မြေကျက်ဆူကျေးရွာ၊ မြို့ကြီးကျေးရွာ၊ နှုံးကြီးကျေးရွာ၊ မြောက်နှုံးကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး မိုးကြိုးဘေး၊ COVID-19ရောဂါတို့နှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး ( ဘစမ )