
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ (၂၂-၆-၂၀၂၀)ရက်နေ့ (၁၁း၀၀)အချိန်မှ (၁၆း၀၀)အချိန်ထိ တမူးမြို့နယ် ထန်းတပင်ကျေးရွာ၊ မန်မော်ကျေးရွာ၊ ရန်ငြိမ်းအောင်ကျေးရွာ၊ ပန်းသာကျေးရွာ၊ နန်းမွန်းတားကျေးရွာ၊ ခွန်မွန်းနွံကျေးရွာ၊ ဝိတုပ်ကျေးရွာ၊ ဘုတ်ကံကျေးရွာတို့တွင် Covid-19 ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပေးနှိုးဆော်ချက်များအား အသိပညာပေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2020
Source: တမူးခရိုင်ဦးစီးမှူးရုံး ( ဘစမ )