လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့ (၀၆:၀၀) နာရီအချိန်တွင် လောင်းကောင်းကျေးရွာအုပ်၊ ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျ၍ ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာအား (၂၃-၆-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ rbe
#sgg_jun2020