လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စကမြားကျေးရွာအုပ်စု၊ စကမြားကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ထောက်ပံ့ ငွေ (၇၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ ငွေ(၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၂,၆၀၀ိ/-) ကျပ်အား (၂၃-၆-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၁:၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy _jun2020

Sign Up

Upcoming Events