Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀)ရက်နေ့တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ တိုက်စွန်းအောက်အင်းကျေးရွာအုပ်စု၊ အောက်အင်းကျေးရွာ၌ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာ (၃၄၇၅၃/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀ဝ/-)ကျပ်အား (၁၆-၆-၂၀၂၀) ရက်နေ့(၁၂:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #ayy_jun2020
-
သောက်သုံးရေ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဦးဝဲ(တဲတိုက်)၊ ဒေါ်အေး(တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ်ရှိ အိမ်ခြေ (၁၁၄) လုံး၊ အိမ်ထောင်စု(၁၂၂) စု၊ လူဦးရေ (၅၇၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၆- ၆-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2020 Source: … Read more
-
COVID-19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းများကို မကွေးတိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်
~~~~~~ Source: MOSWRR ~~~~~~ ဇွန် ၁၆၊ မကွေး ~~~~~~ COVID-19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့်မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့ … Read more
-
မိုးကြိုးဘေးနှင့် လေးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၆.၂၀၂၀)ရက်နေ့တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လှည်းဆိပ်ခြံကုန်း ကျေးရွာအုပ်စု၊ အလန်းကြီးဝကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်နှင့် (၁၄.၆.၂၀၂၀) ရက်နေ့တွင် ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ကျုံခရီပိုင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၄၇၀၀/-)ကျပ် အား (၁၆-၆-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:ဝဝ)နာရီ အချိန်တွင် အိမ်မဲမြို့နယ်၊ … Read more
-
ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့၊ ကလေးဝ-မင်းကင်း-မုံရွာ ကားလမ်းဆုံ၌ ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
မီးဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မြပြင်ရပ်ကွက်၌ (၂၁.၅.၂၀၂၀)ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျဉ်ထောင်/သွပ်မိုး(၂)ထပ် နေအိမ်လုံးပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေး(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၄၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၀၄၂၀ဝိ/-)ကို (၃၀-၅-၂၀၂၀)ရပ်နေ့တွင်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား (၁၅-၆-၂၀၂၀)ရက်နေ့၊ ညနေ(၁၆း၃၀)အချိန်တွင်လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_jun2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး
-
မြန်မာအမျိုးသမီးများနေ့အခမ်းအနားကိုယခုနှစ်တွင်အွန်လိုင်းစနစ်ဖြင့်ကျင်းပနိုင်ရေးအကြိုညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၁၅၊ နေပြည်တော် ~~~~~~ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နှစ်စဉ်ကျင်းပလျက်ရှိသော မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယခုနှစ်တွင် အွန်လိုင်းစနစ်ဖြင့် အခမ်းအနားစီစဉ်ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်အမျိုးသမီးအဖွဲ့အစည်း (၁၁) ဖွဲ့၊ UN Women ၊ UNFPA Myanmar တို့၏တာဝန်ရှိသူများနှင့် (၁၅-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းက Video Conference ဖြင့် အကြိုညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုနှစ်တွင် … Read more
-
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
~~~~~~~~ Source: MOSWRR ~~~~~~~~ ဇွန်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့ ~~~~~~~~ ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၁၃-၆-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယု(ကုန်စုံ)၊ မိုင်းယုလေး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်နှင့် နမ့်ဖက်ကာနယ်မြေလေး စုစုပေါင်း IDP … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါခလိုဒူကျေးရွာ၊ ဒေါပေါ်ကူးကျေးရွာ၊ ဆီးပူကုန်းကျေးရွာ၊ ဒေါတော်ကူးကျေးရွာ၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဥခူးရီကျေးရွာ၊ ခေါက်ပ လော့ကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jun2020
-
မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၀) ရက်နေ့ (၈:၀၀) နာရီအချိန်တွင် ကနီမြို့နယ်၊ ကနီ- ကနဲ ကူးတို့ဆိပ်ကမ်းတွင် မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင် (၂၀၀) ခန့်အား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020









