COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် ပုလဲမြို့နယ်အတွင်းရှိ မကျီးကန်ကျေးရွာ၊ ကို့ကိုစု‌ကျေးရွာ၊ အလယ်ဘုံ‌ကျေးရွာ၊ လက်တောင်း ကြီး‌ကျေးရွာ၊ ချောင်းကန်‌ကျေးရွာ၊ သာယာကုန်း‌ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_jun2020

Sign Up

Upcoming Events