COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် နံနက် (၀၈:၀၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ စစ်ကိုင်တိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက် ၊ပင်လုံရပ်ကွက် ၊သဇင်ရပ်ကွက် ၊တပ်ဦးသီတာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ သဇင်ရပ်ကွက် နှင့် စမ်းမြို့ရပ်ကွက်များသို့ သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးကြိုးဘေး နှင့် ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_jun2020

Sign Up

Upcoming Events