
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့၌ အုတ်တွင်မြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာ၊ တဲကြီးကျေးရွာ၊ ကျောက်တလင်း ကျေးရွာ၊ ကျောက်ရှစ်ဆယ်ကျေးရွာအုပ်စု၊ ကျောင်းရှစ်ဆယ်ကျေးရွာနှင့် ဖြူးမြို့နယ်၊ ကျား သောင်ကျေးရွာအုပ်စု၊ ကျားသောင်ရွာ၊ ဇီးခုန်ကျေးရွာအုပ်စု၊ ဇီးခုန်ကျေးရွာ၊ မြို့ချောင်းကျေးရွာ၊ ဦးရုံးစုကျေးရွာ၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်(၁) ကျေးရွာ၊ တံခွန်တိုင်(၂) ကျေးရွာ ညောင်ပင်သာကျေးရွာ တို့တွင် COVID-19 ရောဂါနှင့် ပက်သက်သည့်ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#bgo_jun2020
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)