Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်ကျေးရွာ၌ (၁၃-၇-၂၀၂၀) ရက်နေ့နေ့ (၁၄-၇-၂၀၂၀) ရက်နေ့များတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် (၁၈,၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၄) အိမ်ထောင်စာတို့ကို (၁၄-၇-၂၀၂၀) ရက်နေ့ (၁၄:၃၀) အချိန်တွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူလူထုထံသို့ ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း၊ (Campaign) ဆောင်ရွက်ခြင်းဖြင့် Maskများ ၊ လက်ဆွဲ အိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ … Read more
-
COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀) ရက်နေ့တွင်ခုံကြီးကျေးရွာ အုပ်စုရှိ ကျောက်ပြုတ်ကျေးရွာ၊ ကတူးပေါက်ကျေးရွာ၊ မြေရဲကွင်းကျေးရွာ၊ အုတ်ရှစ်ကုန်းကျေးရွာ၊ ကြီးကုန်းကျေးရွာ၊ ဂရက် ကျေးရွာ၊ တောင်ပေါ်ကုန်းကျေးရွာ၊ အုတ်ရှစ်ခါးကျေးရွာ၊ အေးမြကုန်း ကျေးရွာများ၊ ဘွက်ကျေးရွာအုပ်စုရှိ ကျွန်းတောကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာ၊ ဘဲပြားကုန်းများကျေးရွာ၊ ကျောင်းကွင်း ကျေးရွာအုပ်စုရှိ အကျကွင်းကျေးရွာ၊ ကြပ်ကြီးကျေးရွာ၊ရွှေနိုင်ဝ ကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာသော … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အနောက်ပိုင်း)၊ ဦးကျော်စိန်(တဲတိုက်)၊ ဦးဝင်းကြည်(တဲတိုက်)နှင့် ဒေါ်အေး(တဲတိုက်)ရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု(၁၁၃) စု၊ လူဦးရေ (၅၂၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၄- ၇-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာ အုပ်စု၊ ဥယျာဉ်စုကျေးရွာ၊ ဆင်မကျွန်းကျေးရွာနှင့် ကျောက်ရဲကျွန်း ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာတို့တွင် (၁၃-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၅၂) လုံး၊ အိမ်ထောင်စု(၅၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅,၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၂၂၁)ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာ (၄၆၄,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅,၆၆၄,၁၀၀/-)ကျပ်တို့ကို (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရေဘေး၊လေဘေး ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား လိုက်လံနှိုးဆော် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့ မနက် (၁၁:၀၀) အချိန်မှ နေ့လည် (၁၄၀၀) အချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ လှာကာကျေးရွာ၊ ခဲတောက်ကျေးရွာ၊ ကျုံပိုက်ကျေးရွာနှင့် ဖားပုကျေးရွာများသို့ သွားရောက်၍ COVID -(19) ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ၊ ရေဘေး၊ လေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2020
-
COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာနှင့်ကျုံပါကျေးရွာတို့တွင် Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာ၊ ဝက်တဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jul2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၉-၇-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား ၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၈၈,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၀၈၈,၂၀၀/-) ကျပ်တို့ကို (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_jul2020 Source: … Read more
-
COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ အနှိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ အနှိုင်းပွန်ကျေးရွာ၊ အင်းဖျားကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် သစ်တိုကျွန်းကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်ပြီး သိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များ၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြို ဘေးတို့နှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များကို အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာများပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း … Read more









