လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာ အုပ်စု၊ ဥယျာဉ်စုကျေးရွာ၊ ဆင်မကျွန်းကျေးရွာနှင့် ကျောက်ရဲကျွန်း ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာတို့တွင် (၁၃-၇-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၅၂) လုံး၊ အိမ်ထောင်စု(၅၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅,၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၂၂၁)ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာ (၄၆၄,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅,၆၆၄,၁၀၀/-)ကျပ်တို့ကို (၁၄-၇-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)