Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူလူထုထံသို့ ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း၊ (Campaign) ဆောင်ရွက်ခြင်းဖြင့် Maskများ ၊ လက်ဆွဲ အိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ar

#shn_jul2020

Source: ​ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events