COVID-19 ရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀) ရက်နေ့တွင်ခုံကြီးကျေးရွာ အုပ်စုရှိ ကျောက်ပြုတ်ကျေးရွာ၊‌‌ ကတူး‌ပေါက်ကျေးရွာ၊ မြေရဲကွင်းကျေးရွာ၊‌ အုတ်ရှစ်ကုန်း‌ကျေးရွာ၊ ကြီးကုန်းကျေးရွာ၊ ဂရက် ကျေးရွာ၊‌‌ တောင်ပေါ်ကုန်းကျေးရွာ၊‌‌ အုတ်ရှစ်ခါးကျေးရွာ၊‌ အေးမြကုန်း ကျေးရွာများ၊ ဘွက်ကျေးရွာအုပ်စုရှိ ကျွန်းတောကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာ၊ ဘဲပြားကုန်းများကျေးရွာ၊ ကျောင်းကွင်း ကျေးရွာအုပ်စုရှိ အကျကွင်းကျေးရွာ၊ ကြပ်ကြီးကျေးရွာ၊‌ရွှေနိုင်ဝ ကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက်အလက်များနှင့် မိုးတွင်းကာလဖြစ်ပွာ‌သော ဘေးအန္တရယ်များနှင့်ပတ်သက်၍‌ ဆောင်ရန်‌/ရှောင်ရန်များကို ​ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့​​ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source:   အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events