Category Archives: News
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂၄) သုဝဏ္ဏ၊ အမှတ် (၂၅) သုဝဏ္ဏ၊ အမှတ် (၂၉) သုဝဏ္ဏ၊ မိချောင်းကန်အမှတ် (၁/၂/၃) ရပ်ကွက်များတွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေး ခြင်းအား … Read more
-
COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicef နှင့် စေတနာ့ဝန်ထမ်းတို့ပူးပေါင်း၍ (၁၄.၇.၂၀၂၀)ရက်နေ့ တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ပင်လုံမြို့၊အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်စန်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)တို့တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ကျောင်းသားမိဘများကို Covid 19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မိဘ၊ဆရာ၊ကျောင်းသားများ လိုက်နာရမည့် ညွှန်ကြားလွှာ များဖြန့်ဝေခြင်း၊ UNDP တံဆိပ်ပါ နှာခေါင်းစည်း၊ ဆပ်ပြာခဲ၊ ပညာပေးလက်ကမ်းစာစောင်၊ လက်စွဲအိတ်များကိုပေးဝေခဲ့ပြီး မိမိကစ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး အသိပညာ ပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ် သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကို ဖျာပုံမြို့နယ်၊ ခနောင် ရှမ်းကွင်းကျေးရွာအုပ်စု၊ ခနောင်ရှမ်းကွင်းကျေးရွာ၊ ခနောင်ကျောင်းစုကျေးရွာ၊ ခနောင်ချောင်း တွင်းကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
(COVID-19) ရောဂါနှင့် မိုးကြိုးဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ဖျာပုံမြို့နယ်၊ မရဲ့ပျားမွတ်ကျေးရွာအုပ်စု၊ မရဲ့ပျားမွတ်ကျေးရွာ၊ ဌက်ပျောတောကျေးရွာ၊ ကမ်းရိုးတန်း ကျေးရွာ၊ ဌက်တော်ကျေးရွာရှိ ပြည်သူများသို့ (COVID-19) ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက် မှုကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး ဗီနိုင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020 … Read more
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက် နေ့၊ (၈:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုး ရာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို Loud speaker နှင့် Hand speaker များအသုံးပြု၍ မကွေးမြို့နယ်၊ ကြူချောင်းရွာသစ်ကျေးရွာတွင် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jul2020 … Read more
-
COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀) ရက်နေ့တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှု ကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် ဆန်ဆိုင်းရပ်ကွက်၊ ရှမ်းရိုးမကွင်းရှိ ယာယီစျေး၌လည်းကောင်း၊ ပါဆတ်ရပ်ကွက်၊ အာခါစျေး၌လည်းကောင်း၊ လူစည်ကားသည့်လမ်းဆုံလမ်းခွဖြစ်သည့် အာခါစျေးမီးပွိုင့်၌လည်းကောင်း၊ မီဝန်းကျင်၌လည်းကောင်း၊ ဆန်ဆိုင်း (မေခဖလားဝါး) ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ ဖြန့်ဝေခြင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့ တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် လူစည်ကားသည့်နေရာများဖြစ်သည့် ဆန်ဆိုင်း (ခ)ရပ်ကွက်၊ သစ္စာစားသောက်ဆိုင်၊ ပါလျှံရပ်ကွက်၊ Morning Point စားသောက်ဆိုင်များတွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign)များ ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် Maskများ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ … Read more
-
(Covid-19) အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ တောနားကျေးရွာနှင့် ရှမ္မတွင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် (Covid-19) အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီ ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု ကြောင့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အနောက်ဆယ်လံ ကျေးရွာမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၄၇)လုံး အိမ်ထောင်စု(၆၂)စု၊ ကျား(၈ဝ)ဦး၊ မ(၈၅)ဦး၊ ပေါင်း(၁၆၅)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝ/-) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၇ဝဝ,ဝဝဝ/-)၊ ဓါတ်ဆား (၄၇ဝ)ထုပ်၊ (၁၄-၇-၂ဝ၂ဝ)ရက်နေ့ (၁၁:၃ဝ)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ် ရေး အသိပညာပေးခြင်း၊ (Campaign)ဆောင်ရွက်ခြင်းဖြင့် Mask များ ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကိုအသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









