COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicef နှင့် စေတနာ့ဝန်ထမ်းတို့ပူးပေါင်း၍ (၁၄.၇.၂၀၂၀)ရက်နေ့ တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်​မြို့နယ်၊ပင်လုံမြို့၊အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နမ့်စန်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)တို့တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ကျောင်းသားမိဘများကို Covid 19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွား​ရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မိဘ၊ဆရာ၊ကျောင်းသားများ လိုက်နာရမည့် ညွှန်ကြားလွှာ များ​​ဖြန့်ဝေခြင်း၊ UNDP တံဆိပ်ပါ နှာခေါင်းစည်း၊ ဆပ်ပြာခဲ၊ ပညာပေးလက်ကမ်းစာစောင်၊ လက်စွဲအိတ်များကိုပေးဝေခဲ့ပြီး မိမိကစ ကာကွယ်ပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါစသည့် ပညာပေးပိုစတာများ၊ ဗီနိုင်းပိုစတာများကို ရှမ်း၊ မြန်မာ(၂)ဘာသာဖြင့် ပုံနှိပ်ထား သော ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_jul2020

Source:  လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events