COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၂၀) ရက်နေ့တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှု ကူညီ​ရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာကူညီ​ရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် ဆန်ဆိုင်းရပ်ကွက်၊ ရှမ်းရိုးမကွင်းရှိ ယာယီစျေး၌လည်းကောင်း၊ ပါဆတ်ရပ်ကွက်၊ အာခါစျေး၌လည်းကောင်း၊ လူစည်ကားသည့်လမ်းဆုံလမ်းခွ​ဖြစ်သည့် အာခါစျေးမီးပွိုင့်၌လည်းကောင်း၊ မီဝန်းကျင်၌လည်းကောင်း၊ ဆန်ဆိုင်း (မေခဖလားဝါး) ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင် များဖြန့်ဝေ​ခြင်း၊ ပိုစတာများကပ်ခြင်း/ ဖြန့်ဝေခြင်း ဗွီနှိုင်းများကပ် ခြင်း/စိုက်ထူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်း အများပြည်သူလက်ဆေးရန် ထားရှိသည့် လက်ဆေးဘေစင်တို့၌ လက်ဆေးဆပ်ပြာများထားရှိခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2020

Source:  တာချီလိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events