Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူလူထုထံသို့ ကြိုတင်ကာကွယ် ရေး အသိပညာပေးခြင်း၊ (Campaign)ဆောင်ရွက်ခြင်းဖြင့် Mask များ ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနှိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကိုအသံချဲ့စက်ဖြင့် ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2020

Source: ​ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events