လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀)ရက်နေ့ တွင် ဌာနဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် လူစည်ကားသည့်နေရာများဖြစ်သည့် ဆန်ဆိုင်း (ခ)ရပ်ကွက်၊ သစ္စာစားသောက်ဆိုင်၊ ပါလျှံရပ်ကွက်၊ Morning Point စားသောက်ဆိုင်များတွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း (Campaign)များ ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် Maskများ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း ၊ ဖြန့်ဝေခြင်း ၊ ဗွီနှိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းနှင့် ကာ ကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့်ဆော်သြခြင်း၊ အများပြည်သူလက်ဆေးရန် ထား ရှိသည့် လက်ဆေးဘေစင်တို့၌ လက်ဆေးဆပ်ပြာများထားရှိခြင်း စသည်တို့ကို ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)