လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ဖျာပုံမြို့နယ်၊ မရဲ့ပျားမွတ်ကျေးရွာအုပ်စု၊ မရဲ့ပျားမွတ်ကျေးရွာ၊ ဌက်ပျောတောကျေးရွာ၊ ကမ်းရိုးတန်း ကျေးရွာ၊ ဌက်တော်ကျေးရွာရှိ ပြည်သူများသို့ (COVID-19) ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက် မှုကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး ဗီနိုင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)