Category Archives: News
-
သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့ နယ်၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာနေ အိမ်ထောင်စု (၂၁၀) စုမှ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေ (၁,၆၀၀) ဂါလံကို (၁၁-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mdy_jul2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် COVID 19 လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များညှိနှိုင်း
ဇူလိုင်လ ၁၄ ရက်၊ တီးတိန်မြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တီးတိန်မြို့တွင် လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ယနေ့ညနေပိုင်း က ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးရာတွင် တီးတိန်မြို့နယ်အတွင်း ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင်၊ မသန်စွမ်းထောက်ပံ့ မှုများ၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွင် အစိုးရ၊ ကိုယ်ထူကိုယ်ထနှင့် ပုဂ္ဂလိကမူကြိုများ ဖွင့်လှစ်ဆောင်ရွက်ရာ … Read more
-
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက် ကချင်ပြည်နယ်၌ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့ရာ (၁၄-၇-၂၀၂၀)နေ့အထိ မြစ်ကြီးနား၊ ရွှေကူ၊ ဝိုင်းမော်၊ ဆင်ဘိုနှင့် ဗန်းမော်မြို့ များတွင် စုစုပေါင်း ယာယီရေဘေးရှောင်စခန်း (၂၈)ခုသို့ အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ(၂၈၄၇)ဦးတို့ ခေတ္တပြောင်းရွှေ့ခဲ့ရပါသည်။ ၎င်းတို့အနက်မှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ရေများပြန်လည်ကျဆင်းပြီ ဖြစ်သဖြင့် ယာယီရေဘေးရှောင်စခန်း (၁၀)ခုမှ အိမ်ထောင်စု (၁၄၂)စု၊ လူဦးရေ(၆၀၁)ဦးတို့မှာ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားပြီဖြစ်ပါသည်။ အလားတူ … Read more
-
COVID-19 ကူးစက်မြန်ရောဂါ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၄-၇-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာ၊ ဟိုဖကျေးရွာနှင့် လမ်းဆုံကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_jul2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ UNDP ၊ UNICEF ၊ အလင်းရောင်၊ မဇ္စျိမလူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၁၄-၇-၂၀၂၀)ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်၊ အခြေခံပညာကျောင်းရှိ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသော ဆရာ/ဆရာမ၊ မိဘ၊ ကျောင်းသား/ကျောင်းသူများကို COVID-19 ကူးစက်ရောဂါ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း(Campaign) များဆောင်ရွက်ခြင်း၊ Mask များ၊ လက်ဆွဲအိတ်များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက်(၅)၊ ကက်သလစ်ဘုရား ကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်း၊ IDPs စခန်း(၆)ခုမှ အိမ်ထောင်စု(၃၈၉)စု၊ လူဦးရေ(၂၀၅၅)ဦးအတွက် ဆပ်ပြာ(၂၀၄၉)ခဲနှင့် ထုံး(၆၀) အိတ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါဒုတိယအကြိမ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)နှင့် ရပ်ကွက်(၇)တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များ နှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်အပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၅၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၅၆,၇၀ဝ/-)ကျပ်တိတိအား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kcn_jul2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာအသစ်လဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁) ကျောင်းရှေ့တွင် စိုက်ထူထားရှိသော ရာသီအလိုက် သဘာဝဘေးအန္တရာယ် အသိပညာပေးမြေစိုက်ဆိုင်းဘုတ်တွင် မိုးကြိုးဘေးအန္တရာယ် အသိပညာပေး ဗီနိုင်းပိုစတာကိုအသစ်လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_jul2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄ – ၇ – ၂၀၂၀)ရက်နေ့တွင် မြိတ်ဂဝေသီစေတနာရှင် လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ မြိတ်မြို့နယ် ၊ စက်ဝင်းရပ်၊ ဘုရားကိုင်ရပ်၊ အောင်မင်္ဂလာရပ်၊ ရာပြည့်ရပ်တို့တွင် COVID – 19 အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ၊ … Read more









