မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်အပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၅၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆,၇၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၅၆,၇၀ဝ/-)ကျပ်တိတိအား (၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#kcn_jul2020

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events