လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄ – ၇ – ၂၀၂၀)ရက်နေ့တွင် မြိတ်ဂဝေသီစေတနာရှင် လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ မြိတ်မြို့နယ် ၊ စက်ဝင်းရပ်၊ ဘုရားကိုင်ရပ်၊ အောင်မင်္ဂလာရပ်၊ ရာပြည့်ရပ်တို့တွင် COVID – 19 အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းအား ဆောင်ရွက်ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_jul2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)