လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)နှင့် ရပ်ကွက်(၇)တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များ နှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)