Category Archives: News
-
Covid-19 ကာလအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့်ပူးပေါင်း၍ Covid-19 ကာလအတွင်းမြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကိုဟင်္သာတမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ (၃၀-၇-၂၀၂၀) ရက်နေ့တွင် (၉:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီချိန်ထိ (CDA) ၏ ဟင်္သာတမြို့စီမံကိန်းနယ်မြေအတွင်းရှိ ရေဘေး စခန်းဖွင့်လှစ်ခဲ့သော (သို့) ဖွင့်လှစ်ရန်လျာထားသည့်ဘုန်းတော်ကြီးကျောင်းများမှ ကျေးရွာကိုယ်စားလှယ်များအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်အသိပေး ပြင်ဆင်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုကြုံ တွေ့နေသော မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအုပ်စု၊ နှင်းဆီကန် ကျေးရွာမှ အိမ်ခြေ(၂၅ဝ)၊ အိမ်ထောင်စု(၂၅၀)၊ လူဦးရေ(၁၃၅၀)ဦးအတွက် သောက်သုံးရေဂါလံ(၄ဝဝဝ)အား (၃ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၀:၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2020 Source: Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ခဲ့ကြသော လူနေအိမ်(၂၅)လုံး အိမ်ထောင်စု(၂၅)စု၊ ကျား(၃၄)ဦး၊ မ(၄၃)ဦး၊ လူဦးရေ(၇၇)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၅ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၇၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆၁,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၆၆၁,၇၀၀/-)ကျပ်၊ ဓါတ်ဆား (၂၅ဝ)ထုပ် (၂၈-၇-၂ဝ၂ဝ)ရက်နေ့ တွင် လည်းကောင်း ထပ်မံပြောင်းရွှေ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် အိမ်ခြေ(၉)လုံး၊ သံဃာ(၅)ပါး၊ အိမ်ထောင်စု(၉)စု၊ … Read more
-
မြစ်ရေကြီးမှုအားကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူအား ရေဘေးအသိပညာပေး လုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် (၁၉:၀၀) အချိန်မှ (၂၂:၀၀) အချိန်ထိပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ပေါ်ရှိ (၁/ ၂/၁၀) ရက်ကွက်များသို့ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fld #mgy_jul2020
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦး မြို့တွင် (၁)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်(၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့ တွင် (၁)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် … Read more
-
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန်ရပ်ကွက်တို့၌ (၂၈-၇-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၁၈)လုံး၊ အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၆၆)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၃၈၆၀၀/-) ကျပ်၊ အိမ်ထောင်စု (၁)စုလျှင်ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၁၈)တောင့်နှင့် Mask (၃၆)ခုတို့အား (၂၉-၇-၂၀၂၀) ရက်နေ့၊ … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း များဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့ ကော့သောင်းခရိုင်၊ကော့သောင်းမြို၊ (၁၄) မိုင်ကျေးရွာနှင့် (၁၅) မိုင် ကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလ အတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များ၊ covid19ရောဂါနှင့်စပ်လျဉ်း အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံ ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ar #tny_jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာနှင့် လူရိုး တောင်ကျေးရွာ၊ ညောင်ရွှေမြို့နယ်၊ လွယ်ငြိမ့်ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများအား Hand Speaker များဖြင့် လိုက်လံဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ် မြို့နယ်ဦးစီး မှူးရုံး မှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတ အသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၉-၇- ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၉:၃၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း (၂၀)ရွာတို့အား Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ (မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ … Read more
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြင်းခြံမြို့နယ်၊ အမှတ်(၂၊၆၊၁၁၊၁၂)ရပ်ကွက်၊ အေးရွာကျေးရွာများတွင် (၂၄၊၂၅၊ ၂၆၊ ၂၈-၇-၂၀၂၀)ရက်နေ့ များ၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄၁၉)လုံး၊ အိမ်ထောင်စု(၄၁၉)စု၊ စုစုပေါင်းလူဦးရေ (၁၈၈၉) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ (၃,၉၆၆,၉၀၀) ကျပ်တို့ကို (၂၉-၇-၂၀၂၀)ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ … Read more









