လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့ ကော့သောင်းခရိုင်၊ကော့သောင်းမြို၊ (၁၄) မိုင်ကျေးရွာနှင့် (၁၅) မိုင် ကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလ အတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များ၊ covid19ရောဂါနှင့်စပ်လျဉ်း အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံ ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ar
#tny_jul2020
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)