ဧရာဝတီ​​​​​မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြင်းခြံမြို့နယ်၊​​ အမှတ်(၂၊၆၊၁၁၊၁၂)ရပ်ကွက်၊​​ အေးရွာ​​ကျေးရွာများတွင်  (၂၄၊၂၅၊ ၂၆၊ ၂၈-၇-၂၀၂၀)ရက်နေ့ များ၌​ ဧရာဝတီ​​​​​မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄၁၉)လုံး၊ အိမ်ထောင်စု(၄၁၉)စု၊ စုစုပေါင်းလူဦးရေ (၁၈၈၉) ဦးတို့​အတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့​ငွေ (၃,၉၆၆,၉၀၀) ကျပ်တို့ကို (၂၉-၇-၂၀၂၀)ရက်နေ့တွင်​​ မြင်းခြံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ​​ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

#ha_fld

#mdy_jul2020

Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events