လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန်ရပ်ကွက်တို့၌ (၂၈-၇-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၁၈)လုံး၊ အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၆၆)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၃၈၆၀၀/-) ကျပ်၊ အိမ်ထောင်စု (၁)စုလျှင်ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၁၈)တောင့်နှင့် Mask (၃၆)ခုတို့အား (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရွှေမျက်မှန်ဘုရားဝန်းနှင့် ပြည်လုံးချမ်းသာဘုရားဝန်းတို့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_jul2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)