Category Archives: News
-
မိုးကြီးမည့်သတိပေးချက်
(၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၃၁) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =============================================== မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၀) (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှု ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းလာ နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ (၃.၈.၂၀၂၀) မှ(၈.၈.၂၀၂၀)ရက်နေ့အတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် … Read more
-
COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ(၁၄:၀၀)နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာ၊ ကျုံဝမ်း ကျေးရွာနှင့် ကျိုက်ပရန်ကျေးရွာတို့တွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာ ကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တာရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း တို့အား ပြုလုပ်ခဲ့ပြီး ကျေးရွာနေပြည်သူများအား လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညောင်ဦးမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့ရှိ ရေဘေးဒဏ်ခံစားရသော ပြည်သူများအား အားပေး၊ စားနပ်ရိက္ခာများ ထောက်ပံ့မှုသတင်း
ဇူလိုင်၊ ၃၁၊ ရေစကြိုမြို့ မြစ်ရေများမြင့်တက်လာမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၏ အနိမ့်ပိုင်းတွင် ရှိသော ရပ်ကွက်၊ ကျေးရွာများတွင် ရေဘေးဒဏ်ခံစားရသော ပြည်သူများအား အားပေးခြင်း၊ စားနပ်ရိက္ခာနှင့် ဆန်ရိက္ခာဖိုးငွေများ၊ COVID 19 အကာအကွယ် ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိ သူများက ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ အားပေး ထောက်ပံ့မှုများ ဆောင်ရွက် ပေး လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်နှင့်အောက်ကျင်းရပ်ကွက်တို့တွင်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင်ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeakerများဖြင့်လည်းကောင်း အသိပေးနှိုးဆော် ကြေငြာခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀)ရက်နေ့ တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာလွတ်ကျေးရွာနှင့် နှီးမုတ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့အတွင်းရှိ တိုက်ပွဲရှောင်စုရပ်(၉)ခုမှ အိမ်ထောင်စု(၃၀၉)စု၊ လူဦးရေ (၁၂၇၀)ဦးတို့အတွက် ဆန်ရိက္ခါ(၁)လစာ ဆန်(၃၃၆)အိတ်၊ (၂၁)ပြည်နှင့် တိုက်ပွဲရှောင် စုရပ်(၆)ခုမှ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ(၂၈၆)ဦးအတွက် ဆန်ရိက္ခါဖိုးငွေ(၂၅၇၄၀၀၀/-)ကျပ်အားလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် တိုက်ပွဲရှောင်စုရပ်(၄)ခုမှ အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၄၃)ဦးတို့အတွက် ဆန်ရိက္ခါ(၁)စာ (၇၅)အိတ်၊ (၂၂)ပြည်(၄)ဘူးနှင့် တိုက်ပွဲရှောင်စုရပ်(၆)ခုမှ အိမ်ထောင်စု(၁၆၀)စု၊ လူဦးရေ(၅၈၃)ဦးတို့အတွက် ဆန်ရိက္ခါဖိုးငွေ(၁)လစာ (၅၂၄၇၀၀၀/-)ကျပ်အားလည်းကောင်း၊ စစ်တွေမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် စုရပ်(၁၁)ခုမှ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၂၂၅)စု၊ လူဦးရေ(၇၆၈)တို့အတွက် ဆန်ရိက္ခါ(၂)ပတ်စာ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀)ရက်နေ့ တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာနှင့် (၁၈) မိုင်ကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက် သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်း များအား လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ (၃၀.၇.၂၀၂၀) ရက်နေ့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၇၇၇၀၀/-)ကျပ်၊ အိမ်ထောင်စု(၉)စု အတွက် ဆပ်ပြာ (၉)တောင့်နှင့် လူဦးရေ (၃၇)ဦးအတွက် (၁)ဦး လျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၇၄)ခုတို့ အား (၃၁.၇.၂၀၂၀)ရက်နေ့ နေ့လည် (၁၂:၄၅)နာရီအချိန်တွင် ရွာသာယာကျေးရွာသို့ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၇-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်၊ လက်ပံကျွန်းအုပ်စု၊ ကျွန်းသစ်အရှေ့ကျေးရွာ၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ကြိုတင်ပြောင်းရွေ့နေအိမ် (၇၆) လုံး၊ အိမ်ထောင်စု (၇၆) စု၊ လူဦးရေ (၂၉၅) ဦး တို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၆၁၉,၅၀ဝ/-) ကျပ်အား (၃၀-၇-၂၀၂၀) ရက်နေ့၊ (၁၈:၃၀)နာရီအချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးဌာနမှ … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇- ၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၉:၀၀) နာရီအထိ အလင်းရောင် ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာပေါင်း(၂၃)ရွာတို့အား Covid-19ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များ ( မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး … Read more









