လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇- ၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၉:၀၀) နာရီအထိ အလင်းရောင် ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာပေါင်း(၂၃)ရွာတို့အား Covid-19ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များ ( မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mdy_jul2020