လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၇-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်၊ လက်ပံကျွန်းအုပ်စု၊ ကျွန်းသစ်အရှေ့ကျေးရွာ၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ကြိုတင်ပြောင်းရွေ့နေအိမ် (၇၆) လုံး၊ အိမ်ထောင်စု (၇၆) စု၊ လူဦးရေ (၂၉၅) ဦး တို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၆၁၉,၅၀ဝ/-) ကျပ်အား (၃၀-၇-၂၀၂၀) ရက်နေ့၊ (၁၈:၃၀)နာရီအချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_jul2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)