ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ (၃၀.၇.၂၀၂၀) ရက်နေ့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၇၇၇၀၀/-)ကျပ်၊ အိမ်ထောင်စု(၉)စု အတွက် ဆပ်ပြာ (၉)တောင့်နှင့် လူဦးရေ (၃၇)ဦးအတွက် (၁)ဦး လျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၇၄)ခုတို့ အား (၃၁.၇.၂၀၂၀)ရက်နေ့ နေ့လည် (၁၂:၄၅)နာရီအချိန်တွင် ရွာသာယာကျေးရွာသို့  ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_jul2020

Source:   ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events