Category Archives: News
-
ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော် ကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ကြက်လွတ်ကျေးရွာများရှိ အများပြည်သူများထံသို့ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ပြိုခြင်း၊ မြစ်ကမ်းပါးပြိုခြင်းစသည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်း၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရန်အချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ မြေပြိုဘေး ဖြစ်ပွားနိုင်သော နေရာများ ကွင်းဆင်းကြည့်ရှုခြင်း၊ အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များရှိ ပြည်သူများအား မြေပြိုဘေးနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခြင်း နှင့် ရေဘေးနှင့် မြေပြိုဘေးလက်ကမ်း စာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာအုပ်စု၊ နမ့်မန်းကျေးရွာ၊ ဟွေပါလန် ကျေးရွာ၊ ဝမ်ကန်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_aug2020 Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၁)ခု၊ ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၆)ရွာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ(၁၅၇၉)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာဖိုးထောက်ပံ့ငွေ (၆၆၃၁၈၀၀/-)ကျပ်အား (၃၁-၇-၂၀၂၀)ရက်နေ့ ညနေ(၁၆း၄၅) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ထံသို့လွဲပြောင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း စျေးတောင်ရပ်ကွက်နှင့် မိုးလုံ လေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၆၁)စု၊ လူဦးရေ(၁၃၅၃)ဦးအတွက် ဆပ်ပြာ(၁၃၅၃)တောင့်၊ထုံး(၅ ပိဿာပါ) (၃၀) အိတ်အား တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း၊ တိုက်ပွဲရှောင်စုရပ် (၅)ခုရှိ အိမ်ထောင်စု(၁၇၉)စု၊ လူဦးရေ(၈၇၂)ဦးအတွက် ဆပ်ပြာ(၈၇၂)တောင့်၊ ထုံး(၅ ပိဿာပါ) (၁၀)အိတ်အား (၃၁-၇-၂၀၂၀) ရက်နေ့ (၁၂း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း၍ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ရေကင်း ကျေးရွာအုပ်စု၊ ရေကင်းကျေးရွာတွင် (၃၁-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်၊ အိမ်ထောင်စု (၁၀) စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၄၆) ဦးအတွက် (၁) ဦးလျှင် Surgical … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရောဘတ်IDPစခန်းမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၅)ဦးနှင့် မံစီမြို့နယ်၊ မိုင်းခေါင်IDPစခန်းမှ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၁၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၃၂)ဦး တို့သည် ၎င်းတို့မူလနေရပ်ဖြစ်သော မခေါယန်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး၊ ပြောင်းရွှေ့ အိမ်ထောင်စု(၂၈)စုလူဦးရေ(၁၃၂)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၂၈)ပုံး၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ၊ ပြောင်းရွှေ့ စရိတ်(၁)အိမ်ထောင်(၁၀၀၀၀၀/-) နှုန်းဖြင့်(၂၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၁၆၉၀၀/-)တို့ကို (၃၁-၇-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် (၃၀.၇.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရွှေ့ပြောင်းရသော အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၈၆၁၀၀/-)ကျပ် Surgical mask(၈၂)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၃၁.၇.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ပြည်သူလက်ဝယ် အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ခင်တန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်အား (၃၁-၇-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၂၀)ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ (ဂ)ရပ်ကွက်နှင့်(ဃ)ရပ်ကွက် တို့တွင် လော်စပီကာတို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝ ဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စက်ရေတွင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် သထုံမြို့နယ်အတွင်းရှိ ပိန္နဲတော(အောက်ရွာ) လေးတိုင်ကျေးရွာ၊ နောင်ကုလားရွာကြီးကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့တွင် တစ်ရွာလျှင် စက်ရေတွင်း (၁)တွင်းစီဖြင့် စုစုပေါင်း(၄)တွင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန် စုစုပေါင်းထောက်ပံ့ငွေ (၂၅၈၀၀၀၀၀/-)ကျပ်အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mon_jun2020









