ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော် ကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ကြက်လွတ်ကျေးရွာများရှိ အများပြည်သူများထံသို့ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ပြိုခြင်း၊ မြစ်ကမ်းပါးပြိုခြင်းစသည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်း၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရန်အချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ မြေပြိုဘေး ဖြစ်ပွားနိုင်သော နေရာများ ကွင်းဆင်းကြည့်ရှုခြင်း၊ အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များရှိ ပြည်သူများအား မြေပြိုဘေးနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခြင်း နှင့် ရေဘေးနှင့် မြေပြိုဘေးလက်ကမ်း စာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_aug2020

Sign Up

Upcoming Events