Category Archives: News
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်းတောကျေးရွာနှင့် အောက်ဒေါင့်ကြီးကျေးရွာတို့၌ (၄-၈-၂၀၂၀) ရက်နေ့နှင့် (၆-၈-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခဲ့သည့် နေအိမ် (၃၂) လုံး၊ အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၇၅) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၂၀၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၆၇,၅၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၅၆၇,၅၀၀/-) ကျပ်တို့အား … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ငဝန်ရပ်ကွက်၊ မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့တွင် မအူပင် မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၄) တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယ လှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီ ကာလတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဗွီနိုင်းပိုစတာနှင့် ဘေး (၈) မျိုးလက်ကမ်းစာစောင် ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ (၅) တို့၌ (၃-၈-၂၀၂၀) ရက်နေ့မှ (၆-၈-၂၀၂၀) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၈၁) လုံး၊ အိမ်ထောင်စု (၈၁) စုမှ လူဦးရေ (၃၇၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၈၅,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈,၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များနှင့် လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လက်ဆွဲချောင်းကျေးရွာအုပ်စု၊ သာယာကျွန်းကျေးရွာ၌ (၄-၈-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၂၆) လုံး၊ အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၁၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၆၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၄၃,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၈၄၃,၆၀၀/-) ကျပ်တို့အားလည်းကောင်း၊ ရေပေါက်ကျေးရွာအုပ်စု ကဇွန်းအင်း တောင်ကျေးရွာ၌ (၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ဆင်မကျွန်းကျေးရွာ၊ တောကြီးကျေးရွာအုပ်စု၊ ကူတိုပေါက်ကျေးရွာနှင့် ဇီးကုန်း (မ) ကျေးရွာအုပ်စု၊ ရေးနားကျေးရွာတို့၌ (၅-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၄၂) လုံး၊ အိမ်ထောင်စု (၄၂) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၆၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅၀,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၅၅၀,၇၀၀/-) … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၅) ရွာတို့၌ (၄-၈-၂၀၂၀) ရက်နေ့နှင့် (၅-၈-၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်လူနေအိမ် (၈၀) လုံး၊ အိမ်ထောင်စု (၉၀) စု၊ လူဦးရေ (၃၁၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၅၉,၄၀၀/-) ကျပ်တို့အား (၇-၈-၂၀၂၀) ရက်နေ့၊(၁၁:၀၀) နာရီအချိန်တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောခရိုင်၊ တောင်ပြို (လက်ဝဲ) မြို့နယ်အတွင်းရှိ နံ့သာတောင်ပရဟိတဘုန်းကြီးကျောင်းတွင် ပညာသင် ကြားနေသည့် ကျောင်းသား/သူ (၃၀၂) ဦးအတွက် စားနပ်ရိက္ခာ (၁) လစာ ဆန်ရိက္ခာ (၉၄) အိတ်၊ ဆီ(၁၁၃.၂၅) ပိဿာ၊ ဆား(၂၂.၆၅) ပိဿာနှင့် ပဲ (၄၅၃) ပိဿာတို့အား (၆-၈-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စုအတွင်းရှိ မင်းရပ်ကျေးရွာ၊ တလိုင်းမော်ကျေးရွာနှင့် ထိန်လယ်ကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၇)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ************************************************** ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဟင်္သာတမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ … Read more









