လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လက်ဆွဲချောင်းကျေးရွာအုပ်စု၊ သာယာကျွန်းကျေးရွာ၌ (၄-၈-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၂၆) လုံး၊ အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၁၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၆၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၄၃,၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၈၄၃,၆၀၀/-) ကျပ်တို့အားလည်းကောင်း၊ ရေပေါက်ကျေးရွာအုပ်စု ကဇွန်းအင်း တောင်ကျေးရွာ၌ (၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၁) လုံး၊ အိမ်ထောက်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-)၊ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) ကျပ်တို့အားလည်းကောင်း (၆-၈-၂၀၂၀) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ha_sgw
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)