လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၅) ရွာတို့၌ (၄-၈-၂၀၂၀) ရက်နေ့နှင့် (၅-၈-၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်လူနေအိမ် (၈၀) လုံး၊ အိမ်ထောင်စု (၉၀) စု၊ လူဦးရေ (၃၁၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၅၉,၄၀၀/-) ကျပ်တို့အား (၇-၈-၂၀၂၀) ရက်နေ့၊(၁၁:၀၀) နာရီအချိန်တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင်ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)