ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောခရိုင်၊ တောင်ပြို (လက်ဝဲ) မြို့နယ်အတွင်းရှိ နံ့သာတောင်ပရဟိတဘုန်းကြီးကျောင်းတွင် ပညာသင် ကြားနေသည့် ကျောင်းသား/သူ (၃၀၂) ဦးအတွက် စားနပ်ရိက္ခာ (၁) လစာ ဆန်ရိက္ခာ (၉၄) အိတ်၊ ဆီ(၁၁၃.၂၅) ပိဿာ၊ ဆား(၂၂.၆၅) ပိဿာနှင့် ပဲ (၄၅၃) ပိဿာတို့အား (၆-၈-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_aug2020

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events