COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ငဝန်ရပ်ကွက်၊ မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_aug2020

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events