COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စုအတွင်းရှိ မင်းရပ်ကျေးရွာ၊ တလိုင်းမော်ကျေးရွာနှင့် ထိန်လယ်ကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_aug2020

Source:           လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events