Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀) ရက်နေ့၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် နံကပ်ကျေးရွာတို့တွင် ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၁၆)လုံး၊ ၄င်းအိမ်ထောင်စု(၁၆)စုရှိ လူဦးရေ (၆၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၆,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ (၁,၇၃၆,၅၀၀) ကျပ် အား (၁၇-၈-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ၊ ကြိမ်ခါးကုန်းကျေးရွာနှင့် ရွာမကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-)ကျပ်အား (၁၇-၈-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီ အချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့၌ ကျွဲဇင်းကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာနှင့် ကံဦးကျေးရွာအုပ်စု၊ ကံဦးကျေးရွာ၊ ဇေယျကွင်သစ်ကျေးရွာများတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှလူဦးရေ (၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၆,၈၀ဝ/-)ကျပ်တို့အား (၁၇-၈-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ တောဖျားကျေးရွာ၊ ရှော်ဖြူချောင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ/ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀ဝ/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၅၄၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၁၂၈၁၀ဝ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၀၆၈၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးပါ(၄)အိမ်ထောင်စာ(၁၃၉၀၁၂/-)ကျပ်အား (၁၇-၈-၂၀၂၀) ရက်နေ့ (၁၇:၃၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် သဲကုန်းမြို့နယ်၊ ပွဲပြည့်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွာလှကျေးရွာ၊ ရင်းတိုက်ကုန်းကျေးရွာ၊ လောင့်ကြီးကျေးရွာနှင့် ပုတီးကုန်းမြို့တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_aug2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ ဆင်ကုံးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာ(၃၄၇၅၃/-)တို့အား (၁၇-၈-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စုရှိ ကျုံစုတ်ကျေးရွာ၊ မင်းဘောကျေးရွာ၊ ဇရပ်ကုန်းကျေးရွာနှင့် ခုနှစ်အိမ်တန်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွား စေရန် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ် များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည် ဟောပြောခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာ၊ ကျုံပိကျေးရွာနှင့် စစ်ကုန်းကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေးခြင်းတို့အား ကွင်းဆင်း လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ခိုလှုံစုရပ်နေရာဖြစ်သည့် စေတီပြင်ကျေးရွာ၌ အိမ်ထောင်စု (၄၃၀)စု၊ လူဦးရေ (၁၆၆၁)ဦး၊ မညိုထောင့်ကျေးရွာ၌ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၁၀)ဦး၊ အငူမော်ကုန်တန်းဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁၃၃) စု၊ လူဦးရေ(၃၉၇)ဦး၊ ရန်အောင်ပြင်ကျေးရွာဆွေမျိုးများနေအိမ်၌ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ (၈၂)ဦး စုစုပေါင်း အိမ်ထောင်စု (၆၀၁)စု၊ လူဦးရေ(၂၂၅၀)ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ(၇၀၃)အိတ်၊ (၃)ပြည်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr … Read more
-
ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် (၁၄-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ်တို့အား(၁၇-၈-၂၀၂၀)ရက် နေ့၊(၁၄:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









