တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ခိုလှုံစုရပ်နေရာဖြစ်သည့် စေတီပြင်ကျေးရွာ၌ အိမ်ထောင်စု (၄၃၀)စု၊ လူဦးရေ (၁၆၆၁)ဦး၊ မညိုထောင့်ကျေးရွာ၌ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၁၀)ဦး၊ အငူမော်ကုန်တန်းဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁၃၃) စု၊ လူဦးရေ(၃၉၇)ဦး၊ ရန်အောင်ပြင်ကျေးရွာဆွေမျိုးများနေအိမ်၌ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ (၈၂)ဦး စုစုပေါင်း အိမ်ထောင်စု (၆၀၁)စု၊ လူဦးရေ(၂၂၅၀)ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ(၇၀၃)အိတ်၊ (၃)ပြည်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_aug2020

Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events