ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ ဆင်ကုံးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာ(၃၄၇၅၃/-)တို့အား (၁၇-၈-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_aug2020

Sign Up

Upcoming Events