လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့၌ ကျွဲဇင်းကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာနှင့် ကံဦးကျေးရွာအုပ်စု၊ ကံဦးကျေးရွာ၊ ဇေယျကွင်သစ်ကျေးရွာများတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှလူဦးရေ (၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၆,၈၀ဝ/-)ကျပ်တို့အား (၁၇-၈-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့  သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2020

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events