လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ၊ ကြိမ်ခါးကုန်းကျေးရွာနှင့် ရွာမကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-)ကျပ်အား (၁၇-၈-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီ အချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2020
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)