လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ တောဖျားကျေးရွာ၊ ရှော်ဖြူချောင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ/ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀ဝ/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၅၄၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၁၂၈၁၀ဝ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၀၆၈၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးပါ(၄)အိမ်ထောင်စာ(၁၃၉၀၁၂/-)ကျပ်အား (၁၇-၈-၂၀၂၀) ရက်နေ့ (၁၇:၃၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_aug2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)