Category Archives: News
-
နမ့်ခမ်းမြို့နယ်ရှိ IDPs Camps များ၌ Covid-19 ရောဂါကာကွယ်နိုင်ရန် ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ IDPs Camps (၆) ခုရှိ ပြည်သူများ Covid-19 ရောဂါကာကွယ်နိုင်ရန် (၁) ဦးလျှင် ဆပ်ပြာခဲ(၂)ခဲနှုန်းဖြင့် စုစုပေါင်းဆပ်ပြာခဲ(၃၉၄၈) ခဲအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်း ကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါ သည်။ Source: DMH
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ကျွန်းညိုကျေးရွာအုပ်စု၊ ကြံခင်းစုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀,၀၀၀) ကျပ်တို့ကို (၁၃-၈-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_aug2020 … Read more
-
(Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့ ၊ မနက် (၀၉:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ခွေးလေးကြီးကျေးရွာ၊ ဖျာပုံစုကျေးရွာ၊ ဝါးကြိတ်လိန်ကျေးရွာ၊ လှဲဆိတ်ကြီးကျေးရွာ၊ ဂယက်ကြီးကျေးရွာ၊ ရှစ်အိမ်တန်းကျေးရွာ၊ ကုက္ကိုစုကျေးရွာ၊ ခွေးလေးဝကျေးရွာ၊ ကွင်းကလေးကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၂၉-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၈-၂၀၂၀) ရက်နေ့ (၁၀:ဝဝ) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ပြည်သူများအား Covid- 19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက် များနှင့်ပတ်သက်၍ လယ်ဝေးမြို့နယ်၊ အေလာ ကျေးရွာအုပ်စု၊ ရေလည်ကွေ့ကျေးရွာ၊ အင်တောသာကျေးရွာ၊ ရန်ကင်းကျေးရွာ၊ ဇေယျာသိမ် ကျေးရွာနှင့် နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုရွာမကျေးရွာ၊ … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက် နေ့တွင် ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာတွင် (၀၉:၀၀) နာရီ အချိန်၌လည်းကောင်း၊ ဆင်ကွင်းကျေးရွာတွင် (၀၉:၃၀) နာရီအချိန်၌လည်းကောင်း၊ ကြံ့ခင်းစု ကျေးရွာတွင်(၁၀:၀၀) နာရီ၌လည်းကောင်း၊ ဘူတင်စုကျေးရွာတွင် (၁၀:၃၀) နာရီ၌ လည်း ကောင်း၊ ကံကုန်းကျေးရွာတွင် (၁၁:၀၀) နာရီ၌လည်းကောင်း၊ လိပ်ကမ္ဘာကျေးရွာတွင် (၁၁:၃၀) နာရီ၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှစ၍ ကွင်းလှကျေးရွာအုပ်စု၊ ကွင်းလှကျေးရွာ၊ အလယ်ရိုးကျေးရွာ၊ လင် ကောင်ပိုးကျေးရွာ၊ ဝက်ကြီးချောင်ကျေးရွာ၊ ရွှေကြို့ပင်ကျေးရွာ၊ ငါးပုတ်ကွင်းကျေးရွာ၊ ရှမ်း စုကျေးရွာ၊ ကြီးပင်ကွင်းကျေးရွာ၊ ညောင်ပင်လျှိုကျေးရွာ၊ နွားနက်ကွင်းကျေးရွာနှင့် ထန်းကုန်း ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူး စက်မှုဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၀)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ မိဂလုံကျေးရွာအုပ်စု၊ ကျိုက်ဇင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးဆုံးရှုံးသွားသော ဘုန်းတော်ကြီးကျောင်း အိပ်ခန်းဆောင် (၁)ဆောင်၊ အုတ်စီကုဋီ (၁) လုံးနှင့် သစ်သားကုဋီ(၁)လုံးတို့အတွက် ကယ်ဆယ်ရေးထောက်ပံ့ ငွေ (၂၀၀,၀၀၀/-)ကျပ်အား (၁၂-၈-၂၀၂၀)ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #krn_aug2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်သေဆုံးသူအတွက် ထောက်ပံ့ပေးမှုသတင်း
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် (၅-၈-၂၀၂၀)ရက်နေ့ (၁၂:၁၅) အချိန်၌ ရေမဆေးသမား ဦးလှဝင်းပြည့်(သ)၂၀နှစ်(ဘ)ဦးကျော်မျိုး မိုးညှင်းမြို့နေသူသည် ကမ်းပါးယံအမြင့်ပေ (၁၀၀) ခန့်မှ ပြုတ်ကျလာ သော ကျောက်ခဲထိမှန်၍ ဦးခေါင်းနှင့် ခြေထောက်ပွန်းပဲ့ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွား ခဲ့ရာ (၁၂-၈-၂၀၂၀)ရက်နေ့ ညနေ(၁၆:၂၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သေဆုံး သူ (၁) ဦးအတွက် (၃၀၀,၀၀၀) ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_otr … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အုတ်ရှစ်ကျေးရွာ အုပ်စု၊ အုတ်ရှစ်ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ထန်းတိုကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









