လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့ တွင် လေးမျက်နှာမြို့နယ်၊ ကြိုးကြာကွင်းအုပ်စု၊ ကြိုးကြာကွင်း၊ ကြို့ကုန်း၊ ကုန်းကလေး (ခ)ပန်းတင်ကုန်း၊ ကျွဲစားအင်း ကျေးရွာတို့၌ နံနက် (၀၈:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိ ပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)