လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အောင်သပြေကျေးရွာအုပ်စု၊‌ အောင်သပြေ‌‌ကျေးရွာ နှင့် ရွာသစ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေဘေးမှလေဘေးသင့်အမိုးလန်နေအိမ် (၁၀) လုံးနှင့် ပြိုလဲ‌နေအိမ်(၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀,၀၀၀/-) ကျပ်၊ ပြိုလဲ နေအိမ် (၁) လုံးရှိ လူဦးရေ (‌၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆၆,၈၀၀/_) ကျပ် အား (၁၈-၈-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

#ha_sgw
#bgo_aug2020
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events