
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၁၀၀/-)ကျပ်တိတိအား (၁၈-၈-၂၀၂၀)ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_aug2020